Wednesday, June 22, 2011

အိမ်မက်ထဲက အိမ်မက်

နေတတ်ပြီ ကျေနပ်ပြီလို့ မနေ့က အထိ ကိုယ့်ကိုကိုယ် ထင်မှတ်နေခဲ့မိတာ.. ဒီနေ့မှာ ပြောင်းလဲသွားတယ်.. ပိုလျှံနေသော အတ္တများနဲ့ လူသားဆန်ဆန် ငါ လောဘတွေတက်နေမိတယ်... ကြည်နူးစရာကောင်းတဲ့ မိသားစု ထမင်းစားပွဲတွေထက် ရမ္မက်တွေ ကြီးစိုးတဲ့ ညကပွဲတွေကို ပိုပြိးမက်မောနေမိတယ်... ခေါက်ရိုးကျိုးနေ့ဆွဲတွေနဲ့ သက္ကရာဇ်တွေတိုက်စားသွားလိုက်တာ ဒီနေ့ ဒီချိန်ထိ ငါ့ ပြက္ခဒိန် 22 ခု ကြေမွသွားခဲ့.... မည်သို့သော အကြောင်းအရာများက ငါ့ကို တစ်ကိုယ်ကောင်းဆန် လမ်းပျောက်စေခဲ့သလဲ.. အတ္တတွေ ရမ္မက်တွေ လောဘတွေ ကိလေသာတွေ ... ဆိုးသွမ်းခြင်းအမြောက်အမြား ပိုင်ဆိုင်တဲ့ လူတစ်ယောက်အဖြစ် လူတစ်ကာအလယ် ငါခေါင်းမော့ရင်ကော့ပြိး မိုက်တွင်းနက်နေခဲ့တယ်.. ခုထိလည်း ဒီတွင်းထဲက ရုံးမထွက်နိုင်သေးဘူး.. ဘယ်တော့များ ရုံးထွက်နိုင်မှာလဲဆိုတဲ့ မျှော်လင့်ချက်တစ်ခုကလွဲရင် ငါ့မှာ ဘာမှရေရေရာရာ မပိုင်ဆိုင်ဘူး...

တစ်ရေးနိုးလို့ ရေထသောက်တတ်တဲ့ ညတွေ ပြန်အိပ်မပျော်ရင်တောင် ငါ့ ဦးတည်ရာ လမ်းမတွေက ကပွဲတွေဘက်ဖြစ်နေတာ မှားနေမှန်းသိတယ်.. ဒီအမှားတွေကိုပဲ ငါမသိချင်ယောင်ဆောင် လမ်းမပေါ်လျှောက်လို့ ငါ့ကိုယ်ပိုင် အိမ်လွမ်းစိတ်လေးကတော့ ရှေ့တစ်မှတ်တိုင်အထိ တစ်ကိုယ်ရေတစ်ကာယ အထီးကျန်နေတယ်... ပြန်မရနိုင်သော ငယ်ဘ၀များကို ငါပြန်တမ်းတတိုင်း ၀ဲလာတတ်တဲ့မျက်ရည်တွေက မိန်းမတွေနဲ့တွေ့တိုင်း အချစ်ယောင်ဆောင်ပြိး မုန်းတီးနေမိတယ်... အာဃာတတွေ အမုန်းတရားတွေနဲ့ မချစ်သော မိန်းမများကို မလေးစားစွာ ငါ ဟန်ဆောင်ကြင်နာမိနေတယ်... အပြစ်တွေ ဖြစ်ပါများတော့ လက်ပြနှုတ်ဆက် ဟန်ဆောင်ပန်ဆောင်နဲ့ ၀တ်ကျေတမ်းကျေ အသဲကွဲနည်းတွေ ငါ့မှာ တစ်ပိုင်တစ်နိုငိစိုက်ပျိုးထားတယ်...

ဆယ်ကျော်သက်ရင်ခုန်သံနဲ့ တောမရောက်တောင်မရောက် ချစ်ခြင်းတွေကြောင့်ဖြစ်တည်မိသော အမုန်းတရားများက အချိန်တန်အရွယ်ရောက် လူလားမြောက်ချိန်ထိ အမှန်အမှားမခွဲခြားနိုင်လောက်အောင် ငါ့ ဆင်ခြင်နိုင်စွမ်းတွေ မှောင်မိုက်ရတယ် ... ဘယ်အချိန် ဘယ်နေရာ ဘယ်လို နေ့မျိုးမှာ ငါ့အလင်းရောင် ငါပြန်ရှာတွေ့နိုင်မလဲ မသိသေးသရွှေ့ လျှောက်သမျှလမ်းတိုင်း ပျောက်ရတာချည်းပဲဖြစ်နေဦးမှာသေချာဆဲ...

ကန္တာရထဲမှာတောင် အိုအေစစ်ဆိုတာ ရှီနေသေးတာပဲ.. ငါ့ဘ၀ အမှောင်ခန်းမှာ တစ်ဦးတစ်ယောက်က လမင်းကြီးမဟုတ်တောင် လမ်းပြကြယ်လောက်တောင် ဖြစ်နိုင်ပါသေးရဲ့....

အော် အိမ်မက် အိမ်မက် .. နောက်ဆုံးတော့လည်း အိမ်မက်က အိမ်မက်လိုပါပဲ... အိမ်မက်ထဲမှာတောင် အိမ်မက်ကိုပဲ ပြန်မက်နေတဲ့ငါက အိမ်မက်တွေထဲမှာ တ၀ဲလည်လည်နဲ့ပေါ့.. မနက်ဖြန်တိုင်း နေထွက်နေဦးမှာပါလေ.......

No comments:

Post a Comment