Tuesday, June 21, 2011

နမ်းရှိုက်ခွင့်

တဂိုးရဲ့ စကားတစ်ခွန်း ခပ်ငယ်ငယ် အရွယ်က မှတ်မှတ်ရရ ရှိခဲ့ဖူးတယ်
“ပန်းခင်းကြီး ထဲကို သင်လျှောက်လှမ်းလာတဲ့အခါ
တွေ့တဲ့ပန်းကို အလျင်စလိုမခူးလိုက်ပါနဲ့
ရှေ့ဆက်လျှောက်ပါဦး.......

သင့်နှလုံးသားရဲ့ မျှော်လင့်ချက်တွေနဲ့
ထပ်တူကျတဲ့ပန်းတစ်ပွင့်
သင့်ကိုစောင့်နေပါလိမ့်မယ်”
 ဟုတ်တယ် လျှောက်လှမ်းလာလိုက်တာ
ပန်းခင်းကြီးကိုတွေ့ရပါတယ်
ကာလာတွေလဲ စုံလင်လှပါရဲ့...
နှလုံးသားရဲ့ မျှော်လင့်ချက်တွေနဲ့
ထပ်တူကျတဲ့ ပန်းတစ်ပွင့်ကကော
စုံခွင့်ရနေပြီလားလို့?
ထာဝရနမ်းရှိုက်ခွင့်အတွက်
ကံကြမ္မာဆီ မှာ အခါခါ
နားပူနားဆာ လုပ်နေမိတော့မယ်ထင်ပါရဲ့......

No comments:

Post a Comment