Wednesday, June 22, 2011
နှလုံးသားလက်ရှိ ၊ အချစ်လက်မဲ့ 
ငယ်ငယ်တုံးက နှစ်သက်ခဲ့ ဘူးတဲ့  အရုပ်ကလေး တစ်ရုပ်အတွက်
အရခက်လွန်းလို့  ငိုခဲ့ ရဘူးတဲ့  ကလေး တစ်ယောက် ဖြစ်ခဲ့ ဘူးပါတယ် ။
ခံစားမှုဆိုတာ ဘာလဲ လို့  နားမလည်သေးခင်တုံးကတော့
နှလုံးသားနဲ့  ချစ်တယ်ဆိုတာကို ဟာသ အဖြစ်အပျက်
ဟာသ ဇာတ်ကွက် တစ်ခုလို့ ပဲ ငါ ထင်ခဲ့ မိတာလေ ။
အရွယ်နဲ့  အသိက စေ့ ဆော်လာတတ်တဲ့  အခုကျမှ
မွေ့ လျော်ကာ စဉ်းစား
အပြင်းစား ဆင်ခြင်ဥာဏ် ကိုသုံးမိတော့
တကယ်တမ်း ငါ အဲဒိ အရုပ်ကလေးကို
တကယ်တော့ ပိုင်ဆိုင်လိုမှု ဆန္ဒ ဆိုတဲ့ သတ္တဝါဟာ
နှလုံးသားနဲ့  ချစ်မယ့်  အချစ်အတွက်
မရှိမဖြစ် အဓိက ဆိုတဲ့ လှောင်ချိုင့်ထဲက
မဟုတ်ဘူးဆိုတာသိလိုက်ပေမယ့် 
သူ့ မှာ ဘေးထွက်ဆိုးကျိုးတစ်ခုတော့ရှိနေတယ်လေ
အဲဒါက
ကွေကွင်းခွဲခွာ သွားရမှာကို
အတိုင်းအဆမဲ့  စိုးကြောက်နေရတဲ့  ချစ် မေတ္တာ မျိုး ဖြစ်သွားခဲ့ ရင်ပေါ့ ။
ခေါင်းစဉ်မဲ့  နေတဲ့  အဲဒိ ရောဂါက
ကိုယ်စိတ်နှလုံးသုံးပါး စလုံးကို
လုံးပါး ပါး စေလိုက်ပါပြီ
အရှုံးသမား ဘွဲ့ ခံ ငါ့အတွေးကတော့
ဟိုးးးရှေးကတည်းက မတွေ့ ခဲ့ မိရင်အကောင်းသား လို့ လေ ။
ကြည်ဖြူတော့ သဒ္ဓါ၊ သဒ္ဓါတော့ကြင်နာ
ကြင်နာတော့ကရုဏာ၊ ကရုဏာ တော့ တွယ်တာ
တွယ်တာတော့ မြတ်နိုး
ဟေ့ 
အဲဒိမှာ
ငါ့ နှလုံးသားကို နင်လှုပ်နှိုး
ဆိုးဝါးတဲ့ ကံကြမ္မာက
ဖိတ်ခေါ်မထားတဲ့ ဧည့်သည်လိုမျိုး ဖြစ်လာတော့
ငါ ဟဲ့ ယောင်္ကျား အားတင်းထားလျှက်
ချောက်ချားမှုကိုမခုခံ နိုင်။
ငါ့အတ္တ ထီးရိပ်နဲ့  အသက်တစ်ရာမက
နင့်ကိုမိုးပေးချင်ခဲ့ ပေမယ့်
အချစ်ဆိုဆိုတာကို တန်ဖိုးထားတတ်တဲ့ မှင်စာကောင်ရဲ့
ကွပ်ညှပ်ညှင်းပန်းနေတာကို မခံနိုင်တဲ့ အဆုံး
လုံးလုံး တစ်စက္ကန့်  တောင် ရှင်သန်မနေချင်တဲ့ စိတ်က
နှိပ်စက်လို့ လာပြန်ပြီ။
ဒါပေမယ့် 
နောက်ဆုံးထွက်သက်ထိတိုင်အောင်ပဲ
မျှော်လင့်ချက် မသေဆုံးသင့်ပါဘူးနော်
ရေရာတဲ့ မျှော်လင့်ချက်
မရေရာတဲ့ မျှော်လင့်ချက်
လုံးဝမရှိတဲ့  မျှော်လင့်ချက်
နည်းနည်းပဲရှိတဲ့ မျှော်လင့်ချက်
တောက်ပတဲ့ မျှော်လင့်ချက်
မှုန်ဝါးတဲ့ မျှော်လင့်ချက်
အင်းးးးးးးးး
တစ်စုံတစ်ခုသော မျှော်လင့်ချက် ကတော့
ငါ့ အတွက်
အသက်ဆက် ဆေး တစ်ဖုံပါပဲဟာ။
No comments:
Post a Comment