Monday, July 11, 2011
ငါ့ကိုယ်ငါ.....မုန်းတယ်.....
တိတ်ဆိတ်တဲ့ည.....
   အမှောင်ရဲ့အဆုံးမှာ....
      အလွမ်းတွေ အုပ်စုဖွဲ့ ငိုကြွေးနေကြတယ်....။
ရင်ခုန်သံက တိုးသဲ့သဲ့... ညလေညှင်းက အေးစက်စက်....
   အချစ်မရှိတဲ့ ရင်ခွင်ထက်...မှေးစက်မိတဲ့ ငါ့နှလုံးသား.....
      အမုန်းတွေကိုသိမ်းပိုက်ဖို့....ငါ..........
         လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက အသက်မဲ့နေတယ်....။
တိုင်တည်ဖူးတဲ့ အချစ်တစ်ခုအတွက်.....
   ကြည်နူးပေးခဲ့တဲ့ ကြယ်ကလေးတွေတောင်...ငိုကြွေးနေကြပြီ....။
ဒဏ်ရာတွေပေးတဲ့ သီချင်းတစ်ပုဒ်...
   သီကျူးမိတိုင်း...
      ငါ့ဒိုင်ယာရီကို.... မှင်နက်နက်တွေနဲ့ ဆေးခြယ်လို့....
         ကျိန်စာသင့်နေတဲ့ ရင်ခုန်သံတွေကို ဖန်တီးပေးလေသလား.....။
ရင်ခုန်မိတဲ့ အမုန်း.....
   ချစ်မိတဲ့ အရှုံး.......
      မာနတွေ ဖုံးခဲ့တဲ့... စိတ်ရဲ့အလိုကျ......
         အဆုံးသတ်တော့..... ငါ့အတ္တနဲ့ ငါ.....
            လွမ်းရင်းနဲ့ ပြုံးနေခဲ့ရတယ်.....။
မပီပြင်တဲ့ အပြုံးက ခပ်မဲ့မဲ့.....
   အသက်မဲ့တဲ့ ရယ်သံနဲ့ .... ဖုံးကွယ်ဖို့ ကြိုးစားလိုက်တိုင်း....
      ဝဲဘက် ရင်အုံရဲ့ အတွင်းဘက်.....
         နှလုံးသားရဲ့ အလယ်ဗဟို တည့်တည့်မှာ.....
            စုတ်ချက်ဆွဲသလို ထင်ကျန်နေဆဲ ပုံရိပ်တွေကြောင့်.......
               ပဲ့တင်ထပ်နေတဲ့ ဒဏ်ရာဒဏ်ချက်တွေက.....
                  တဆစ်ဆစ်နဲ့ ဆွေးမြေ့ကိုက်ခဲနေတယ်.......။
ပုံဖော်ခဲ့ဖူးတဲ့ အနာဂါတ်...
   မျှော်လင့်ချက်တွေ အသက်မဲ့နေပြီ....။    
ယုံကြည်မိတဲ့ သစ္စာတရား ဆိုတာလဲ.... နင်က....
         နောက်လူဆီမှာ.... ပုံအပ်ထားမှတော့....
            မေတ္တာဆိုတာလည်း မခိုင်မာတော့ပါဘူး.....။
               ချစ်တာ တစ်ခုတည်းနဲ့ မင်းအပေါ်မှာ....ငါ.....
                  ထားရှိခဲ့တဲ့ သစ္စာတွေလည်း.....
                     မလိုချင်သူအတွက်တော့ အပိုတွေပါပဲ...တဲ့.....။
ဒါတွေအားလုံး.....
   တစ်နေ့မှာ ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ....
      ကြိုတင် ခန့်မှန်းခဲ့မိပေမဲ့လည်း.....
         သူ့အကြည့်တစ်ချက်မှာ ကျရှုံး....
           ငါ့ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေတော့....
               အသိတရားတွေလည်း ပျောက်ဆုံးပြီး......
                  သူစေညွှန်ရာ.... သူ့အမိန့်အတိုင်း နာခံတတ်ခဲ့တာ.....
                     အဆုံးတော့.... ငါ့အတွက်....
                        မနက်ဖြန်တွေကို....အလင်းမဲ့စွာ....ဖြတ်သန်းရတော့မယ်....။
မေ့လိုက်ဖို့ ရည်စူးလိုက်တိုင်း.....
   ငါ့အိမ်မက်တွေအထိ..လွှမ်းမိုးနိုင်တဲ့.....
       နင့်အပြုံးတွေကို...ငါလွမ်းတယ်......။
အရာအားလုံးကို...
   စွန့်လွှတ်ဖို့ ကြိုးစားလိုက်တိုင်း.....
      လွင့်ကြွေလာတဲ့ အတိတ်ဟောင်းတွေကို.... ဖက်တွယ်မိနေတဲ့....
         ငါ့ကိုယ်ငါ မုန်းတယ်.....။
ငါ့အတွက်...အဆိပ်သင့်စေတဲ့....
   နင့်အချစ်တွေကို ...မေ့လို့မရတဲ့....
      ငါ့ရင်ခုန်သံတွေကို ငါမုန်းတယ်....။
တကယ်တော့.....
   နင့်ကို ချစ်မိနေတဲ့ ငါ့ကိုယ်ငါ....
      မှန်တယ်လို့ ထင်နေတဲ့....
         ငါ့နှလုံးသားကို ငါမုန်းတယ်....။
ဆက်ဖတ်ရန်
မနှင်ပါနဲ့မောင်ရယ်
မနှင်ပါနဲ့မောင်ရယ်
နင်မကြည်ဖြူနိုင်တာသိပေမယ့်
ငါနင့်ကိုပဲချစ်တယ်
ငါ့ကျောခိုင်းခြင်းကမှ နင့်အပြုံးတွေလင်းလက်စေမယ်ဆို
ငါ့ရည်ရွယ်ခဲ့ဘူးတာတွေမေ့ လျှောက်မယ့်လမ်းတွေအဆုံးသတ်
ငါ့ဦးတည်ချက်က နင်နဲ့ဝေးရာဆီ ………..
ငါ့လမ်းခွဲခဲ့ပါတယ်ဆိုတာမှ နင့်နောက်ကျောလုံမယ်ဆို
လမ်းခွဲတွေသိပ်ပေါတဲ့ဘ၀လမ်းတွေထဲ
ငါလမ်းခွဲတစ်ခုထပ်ထွင်ပြီး ငါ့နှလုံးသားအကြေတွေ
လမ်းခင်းပေးလိုက်မယ် ………
ငါ့မျက်ရည်တွေနဲ့မှ နင့်သောကတွေငြိမ်းစေမယ်ဆိုရင်
ရင်တွေကွဲတဲ့ထိလဲ ငါငိုပေးနိုင်ပါတယ်။
ဒါပေမယ့်
မနှင်ပါနဲ့မောင်ရယ်
နှင်းစက်ပေမယ့်
ငါ့ကိုတိုက်စားလောင်မြိုက်စေမယ့်
နေမင်းတစ်စင်းနင် ဖြစ်ခဲ့မယ်ဆိုရင်တောင်
ငါ နင့်ကိုပဲချစ်တယ်………..။
ဆက်ဖတ်ရန်
Wednesday, July 6, 2011
ချစ်သူအလွမ်းဘွဲံ့
လွမ်းတယ်ဆိုတာ
စကားလုံးသာ နည်းတာပါ
ခံစားရတဲ့သူကတော့
ရင်နဲ့ မဆံ့လောက်ရအောင်ပါပဲ.....
အလွမ်းက ပူလောင်စေသလို
အချစ်ကလည်း မအေးချမ်းစေဘူးလေ....
သိသိချည်းနဲ့ပဲ
ထပ်ခါထပ်ခါ ရှေ့ဆက်တိုးခဲ့သူအတွက်တော့
အလွမ်းဆိုတာ ဆက်ခါဆက်ခါရနေတဲ့ ဆုတစ်ဆုပါ
ဒါကိုပဲ ငါက မင်းအတွက် အပြုံးမပျက် ခံယူချင်ရဲ့.......
သွားဖူးတဲ့ နေရာလေးတွေ
ထိုင်ဖူးတဲ့ ခုံလေးတွေမှာ
အရင်ကတော့
အပြုံးတွေ ဆက်တိုက်ဖူးပွင့်ခဲ့ပေမယ့်
အခုချိန်များမှာတော့
အထီးကျန်သူရဲ့
ပင့်သက်ရှိုက်သံလေးတွေပဲ
ရစ်ဝဲနေရှာတယ်
မမျှော်ပဲ မကြိုဆိုပဲ
ရောက်လာခဲ့တဲ့ ဧည့်သည်ဟာ
တိတ်တဆိတ် ပြန်ထွက်သွားတာ
အပြစ်မဟုတ်ပေမယ့်
ကျန်နေသူ့ရင်မှာတော့
နာကျင်ခြင်းဒဏ်ရာတွေသာ ရနေခဲ့တယ်.........
ချစ်မိသလောက်
အပြစ်လည်း မမြင်နိုင်အောင်ကို
မြတ်နိုးခဲ့တာပါ .....
အရိပ်တကြည့်ကြည့်မဟုတ်တောင်
သေးသေးဖွဲဖွဲလေးက
ဂရုစိုက်ချစ်တတ်တဲ့ ငါ့အတွက်
မင်းအကြည့်တစ်ချက်
မင်းအပြုံးတစ်ပွင့်နဲ့တင်
အရာရာဟာ ကြည်နူးမှုအပြည့်နဲ့
အဲဒီနေ့မှာ
ကောင်းကင်ကြီးတောင်သာယာနေလို့
အဲလောက်တောင် ရူးခဲ့ရတယ်...........
အပေးအယူတွေ ငါမသိဘူး
ပေးဆပ်ခြင်း ရယူခြင်းတွေ ငါမသိဘူး
ငါသိခဲ့တဲ့ အချစ်ရဲ့ဝေါဟာရက
မင်းအလိုကို ဖြည့်ဆည်းပေးပြီး
မင်းကို ပျော်ရွှင်စေချင်ရုံ.......
မင်းအတွက်
အပိုသက်သက်သာ ဖြစ်နေတဲ့
လူတစ်ယောက်ရဲ့ရင်မှာ
မင်းအတွက်
အဖြူသက်သက် အချစ်တွေရှိတယ်.....
မင်းမလိုချင်လို့ ပစ်ခွာထားခဲ့တဲ့
လူတစ်ယောက်ရဲ့ ရင်မှာ
မင်းအတွက်
အမြဲတန်း ကြိုလင့်နေတဲ့
ရင်ခွင်တံခါးတစ်ချပ်ရှိတယ်............ဆိုတာ..........
ဆက်ဖတ်ရန်
Wednesday, June 22, 2011
အိမ်မက်ထဲက အိမ်မက်
နေတတ်ပြီ ကျေနပ်ပြီလို့ မနေ့က အထိ ကိုယ့်ကိုကိုယ် ထင်မှတ်နေခဲ့မိတာ.. ဒီနေ့မှာ ပြောင်းလဲသွားတယ်.. ပိုလျှံနေသော အတ္တများနဲ့ လူသားဆန်ဆန် ငါ လောဘတွေတက်နေမိတယ်... ကြည်နူးစရာကောင်းတဲ့ မိသားစု ထမင်းစားပွဲတွေထက် ရမ္မက်တွေ ကြီးစိုးတဲ့ ညကပွဲတွေကို ပိုပြိးမက်မောနေမိတယ်... ခေါက်ရိုးကျိုးနေ့ဆွဲတွေနဲ့ သက္ကရာဇ်တွေတိုက်စားသွားလိုက်တာ ဒီနေ့ ဒီချိန်ထိ ငါ့ ပြက္ခဒိန် 22 ခု ကြေမွသွားခဲ့.... မည်သို့သော အကြောင်းအရာများက ငါ့ကို တစ်ကိုယ်ကောင်းဆန် လမ်းပျောက်စေခဲ့သလဲ.. အတ္တတွေ ရမ္မက်တွေ လောဘတွေ ကိလေသာတွေ ... ဆိုးသွမ်းခြင်းအမြောက်အမြား ပိုင်ဆိုင်တဲ့ လူတစ်ယောက်အဖြစ် လူတစ်ကာအလယ် ငါခေါင်းမော့ရင်ကော့ပြိး မိုက်တွင်းနက်နေခဲ့တယ်.. ခုထိလည်း ဒီတွင်းထဲက ရုံးမထွက်နိုင်သေးဘူး.. ဘယ်တော့များ ရုံးထွက်နိုင်မှာလဲဆိုတဲ့ မျှော်လင့်ချက်တစ်ခုကလွဲရင် ငါ့မှာ ဘာမှရေရေရာရာ မပိုင်ဆိုင်ဘူး...
တစ်ရေးနိုးလို့ ရေထသောက်တတ်တဲ့ ညတွေ ပြန်အိပ်မပျော်ရင်တောင် ငါ့ ဦးတည်ရာ လမ်းမတွေက ကပွဲတွေဘက်ဖြစ်နေတာ မှားနေမှန်းသိတယ်.. ဒီအမှားတွေကိုပဲ ငါမသိချင်ယောင်ဆောင် လမ်းမပေါ်လျှောက်လို့ ငါ့ကိုယ်ပိုင် အိမ်လွမ်းစိတ်လေးကတော့ ရှေ့တစ်မှတ်တိုင်အထိ တစ်ကိုယ်ရေတစ်ကာယ အထီးကျန်နေတယ်... ပြန်မရနိုင်သော ငယ်ဘ၀များကို ငါပြန်တမ်းတတိုင်း ၀ဲလာတတ်တဲ့မျက်ရည်တွေက မိန်းမတွေနဲ့တွေ့တိုင်း အချစ်ယောင်ဆောင်ပြိး မုန်းတီးနေမိတယ်... အာဃာတတွေ အမုန်းတရားတွေနဲ့ မချစ်သော မိန်းမများကို မလေးစားစွာ ငါ ဟန်ဆောင်ကြင်နာမိနေတယ်... အပြစ်တွေ ဖြစ်ပါများတော့ လက်ပြနှုတ်ဆက် ဟန်ဆောင်ပန်ဆောင်နဲ့ ၀တ်ကျေတမ်းကျေ အသဲကွဲနည်းတွေ ငါ့မှာ တစ်ပိုင်တစ်နိုငိစိုက်ပျိုးထားတယ်...
ဆယ်ကျော်သက်ရင်ခုန်သံနဲ့ တောမရောက်တောင်မရောက် ချစ်ခြင်းတွေကြောင့်ဖြစ်တည်မိသော အမုန်းတရားများက အချိန်တန်အရွယ်ရောက် လူလားမြောက်ချိန်ထိ အမှန်အမှားမခွဲခြားနိုင်လောက်အောင် ငါ့ ဆင်ခြင်နိုင်စွမ်းတွေ မှောင်မိုက်ရတယ် ... ဘယ်အချိန် ဘယ်နေရာ ဘယ်လို နေ့မျိုးမှာ ငါ့အလင်းရောင် ငါပြန်ရှာတွေ့နိုင်မလဲ မသိသေးသရွှေ့ လျှောက်သမျှလမ်းတိုင်း ပျောက်ရတာချည်းပဲဖြစ်နေဦးမှာသေချာဆဲ...
ကန္တာရထဲမှာတောင် အိုအေစစ်ဆိုတာ ရှီနေသေးတာပဲ.. ငါ့ဘ၀ အမှောင်ခန်းမှာ တစ်ဦးတစ်ယောက်က လမင်းကြီးမဟုတ်တောင် လမ်းပြကြယ်လောက်တောင် ဖြစ်နိုင်ပါသေးရဲ့....
အော် အိမ်မက် အိမ်မက် .. နောက်ဆုံးတော့လည်း အိမ်မက်က အိမ်မက်လိုပါပဲ... အိမ်မက်ထဲမှာတောင် အိမ်မက်ကိုပဲ ပြန်မက်နေတဲ့ငါက အိမ်မက်တွေထဲမှာ တ၀ဲလည်လည်နဲ့ပေါ့.. မနက်ဖြန်တိုင်း နေထွက်နေဦးမှာပါလေ.......
ဆက်ဖတ်ရန်
ယောက်ျားလေးများခံစားချက်
1.....ချစ်သူ၇ဲ ပါးပြင်ပေါ်က မျက်၇ည်စက်တစ်စက်က
ကိုယ်၇ဲ. နှလုံးသားထဲက သွေးတစ်စက်ပါ.......................!
2......ချစ်သူ၇ဲ. အပြုံးများဟာ............
ကိုယ်၇ဲ ပျော်ရွှင်မူပါ...........................!
3........ချစ်သူ၇ဲ. ကြင်နာမူများက...............
ကိုယ် နှလုံးသားထဲကို ငြိမ်းအေးချမ်းစေတယ်...............!
4......ချစ်သူ၇ဲ. မျက်စောင်းတစ်ချက်က............
ကိုယ် နှလုံးသားထဲမှာ ထပ်တိုးလာတဲ. သံယောစဉ် တစ်ကြိုးပေါ.....................!
ိ
5.......ချစ်သူ၇ဲ. အနမ်းတစ်ပွင်.က
ကိုယ်၇ဲ. နှလုံးသားထဲ.မှာ အဆွဲဆောင်မူအရှိဆုံးနဲ. အလှပဆုံးပါပဲ............အဟီး...........!
့် 6......ချစ်သူ၇ဲ. စစ်မှန်တဲ. အချစ်စစ်က.........
ကိုယ် အနာဂတ်မှာ အလိုအပ်ဆုံး စွမ်းအင်းအားတစ်၇ပ်...........!
7........ချစ်သူ၇ဲ. အမုန်းဟာ..........
ကိုယ် အကြောက်ဆုံးပဲ. ...........!
8........ချစ်သူ၇ဲ. အထင်လွဲမူဟာ..........
ကိုယ် မလိုအပ်ဆုံးပါ................!
9........ချစ်သူ၇ဲ. သစ္စာပျက်မူကတော. ...........
ကိုယ် အခါးသီးဆုံးနဲ. အမုန်းဆုံးပဲဗျာ................!
..............ချစ်သူတိုင်လည်းညားပါစေ................................ညားတိုင်လည်းချစ်ပါစေ...........
ဆက်ဖတ်ရန်
အ ကယ် ၍....
အ ကယ် ၍.....
ပင်လယ် နဲ့ ကမ်းခြေ တသီး တခြား
ဖြစ် ခဲ့ ရင် ............
လှိုင်းတွေ ရှိလိမ့် မည် မဟုတ်...!
အ ကယ် ၍....
မီး နဲ့ မီးခဲ တသီး တခြား
ဖြစ် ခဲ့ ရင်.....
ပြာ တွေ ရှိလိမ့် မည် မဟုတ်...!
အ ကယ် ၍....
နေ့ နဲ့ ည တသီး တခြား
ဖြစ် ခဲ့ ရင်....
ညနေ ခင်းတွေ ရှိလိမ့် မည် မဟုတ်...!
အဲ့ သည် လိုပဲ ကွာ......
ပြန့်ကျဲ နေတဲ့ တိမ်တွေ “....” ငါ
တန်ပြန် သက်ရောက် ရဲ့ နိယာမ သင်က
မင်း အနား ကို တွန်းပို့ ခဲ့တော့
“အချစ် ရောင်ခြည် ပဲ ခေါ်တွင် ပါရစေ”.............!
ဆက်ဖတ်ရန်
နှလုံးသားလက်ရှိ ၊ အချစ်လက်မဲ့ 
ငယ်ငယ်တုံးက နှစ်သက်ခဲ့ ဘူးတဲ့  အရုပ်ကလေး တစ်ရုပ်အတွက်
အရခက်လွန်းလို့  ငိုခဲ့ ရဘူးတဲ့  ကလေး တစ်ယောက် ဖြစ်ခဲ့ ဘူးပါတယ် ။
ခံစားမှုဆိုတာ ဘာလဲ လို့  နားမလည်သေးခင်တုံးကတော့
နှလုံးသားနဲ့  ချစ်တယ်ဆိုတာကို ဟာသ အဖြစ်အပျက်
ဟာသ ဇာတ်ကွက် တစ်ခုလို့ ပဲ ငါ ထင်ခဲ့ မိတာလေ ။
အရွယ်နဲ့  အသိက စေ့ ဆော်လာတတ်တဲ့  အခုကျမှ
မွေ့ လျော်ကာ စဉ်းစား
အပြင်းစား ဆင်ခြင်ဥာဏ် ကိုသုံးမိတော့
တကယ်တမ်း ငါ အဲဒိ အရုပ်ကလေးကို
တကယ်တော့ ပိုင်ဆိုင်လိုမှု ဆန္ဒ ဆိုတဲ့ သတ္တဝါဟာ
နှလုံးသားနဲ့  ချစ်မယ့်  အချစ်အတွက်
မရှိမဖြစ် အဓိက ဆိုတဲ့ လှောင်ချိုင့်ထဲက
မဟုတ်ဘူးဆိုတာသိလိုက်ပေမယ့် 
သူ့ မှာ ဘေးထွက်ဆိုးကျိုးတစ်ခုတော့ရှိနေတယ်လေ
အဲဒါက
ကွေကွင်းခွဲခွာ သွားရမှာကို
အတိုင်းအဆမဲ့  စိုးကြောက်နေရတဲ့  ချစ် မေတ္တာ မျိုး ဖြစ်သွားခဲ့ ရင်ပေါ့ ။
ခေါင်းစဉ်မဲ့  နေတဲ့  အဲဒိ ရောဂါက
ကိုယ်စိတ်နှလုံးသုံးပါး စလုံးကို
လုံးပါး ပါး စေလိုက်ပါပြီ
အရှုံးသမား ဘွဲ့ ခံ ငါ့အတွေးကတော့
ဟိုးးးရှေးကတည်းက မတွေ့ ခဲ့ မိရင်အကောင်းသား လို့ လေ ။
ကြည်ဖြူတော့ သဒ္ဓါ၊ သဒ္ဓါတော့ကြင်နာ
ကြင်နာတော့ကရုဏာ၊ ကရုဏာ တော့ တွယ်တာ
တွယ်တာတော့ မြတ်နိုး
ဟေ့ 
အဲဒိမှာ
ငါ့ နှလုံးသားကို နင်လှုပ်နှိုး
ဆိုးဝါးတဲ့ ကံကြမ္မာက
ဖိတ်ခေါ်မထားတဲ့ ဧည့်သည်လိုမျိုး ဖြစ်လာတော့
ငါ ဟဲ့ ယောင်္ကျား အားတင်းထားလျှက်
ချောက်ချားမှုကိုမခုခံ နိုင်။
ငါ့အတ္တ ထီးရိပ်နဲ့  အသက်တစ်ရာမက
နင့်ကိုမိုးပေးချင်ခဲ့ ပေမယ့်
အချစ်ဆိုဆိုတာကို တန်ဖိုးထားတတ်တဲ့ မှင်စာကောင်ရဲ့
ကွပ်ညှပ်ညှင်းပန်းနေတာကို မခံနိုင်တဲ့ အဆုံး
လုံးလုံး တစ်စက္ကန့်  တောင် ရှင်သန်မနေချင်တဲ့ စိတ်က
နှိပ်စက်လို့ လာပြန်ပြီ။
ဒါပေမယ့် 
နောက်ဆုံးထွက်သက်ထိတိုင်အောင်ပဲ
မျှော်လင့်ချက် မသေဆုံးသင့်ပါဘူးနော်
ရေရာတဲ့ မျှော်လင့်ချက်
မရေရာတဲ့ မျှော်လင့်ချက်
လုံးဝမရှိတဲ့  မျှော်လင့်ချက်
နည်းနည်းပဲရှိတဲ့ မျှော်လင့်ချက်
တောက်ပတဲ့ မျှော်လင့်ချက်
မှုန်ဝါးတဲ့ မျှော်လင့်ချက်
အင်းးးးးးးးး
တစ်စုံတစ်ခုသော မျှော်လင့်ချက် ကတော့
ငါ့ အတွက်
အသက်ဆက် ဆေး တစ်ဖုံပါပဲဟာ။
ဆက်ဖတ်ရန်