မနှင်ပါနဲ့မောင်ရယ်
နင်မကြည်ဖြူနိုင်တာသိပေမယ့်
ငါနင့်ကိုပဲချစ်တယ်
ငါ့ကျောခိုင်းခြင်းကမှ နင့်အပြုံးတွေလင်းလက်စေမယ်ဆို
ငါ့ရည်ရွယ်ခဲ့ဘူးတာတွေမေ့ လျှောက်မယ့်လမ်းတွေအဆုံးသတ်
ငါ့ဦးတည်ချက်က နင်နဲ့ဝေးရာဆီ ………..
ငါ့လမ်းခွဲခဲ့ပါတယ်ဆိုတာမှ နင့်နောက်ကျောလုံမယ်ဆို
လမ်းခွဲတွေသိပ်ပေါတဲ့ဘ၀လမ်းတွေထဲ
ငါလမ်းခွဲတစ်ခုထပ်ထွင်ပြီး ငါ့နှလုံးသားအကြေတွေ
လမ်းခင်းပေးလိုက်မယ် ………
ငါ့မျက်ရည်တွေနဲ့မှ နင့်သောကတွေငြိမ်းစေမယ်ဆိုရင်
ရင်တွေကွဲတဲ့ထိလဲ ငါငိုပေးနိုင်ပါတယ်။
ဒါပေမယ့်
မနှင်ပါနဲ့မောင်ရယ်
နှင်းစက်ပေမယ့်
ငါ့ကိုတိုက်စားလောင်မြိုက်စေမယ့်
နေမင်းတစ်စင်းနင် ဖြစ်ခဲ့မယ်ဆိုရင်တောင်
ငါ နင့်ကိုပဲချစ်တယ်………..။
No comments:
Post a Comment