Wednesday, July 6, 2011

ချစ်သူအလွမ်းဘွဲံ့

လွမ်းတယ်ဆိုတာ
စကားလုံးသာ နည်းတာပါ
ခံစားရတဲ့သူကတော့
ရင်နဲ့ မဆံ့လောက်ရအောင်ပါပဲ.....

အလွမ်းက ပူလောင်စေသလို
အချစ်ကလည်း မအေးချမ်းစေဘူးလေ....

သိသိချည်းနဲ့ပဲ
ထပ်ခါထပ်ခါ ရှေ့ဆက်တိုးခဲ့သူအတွက်တော့
အလွမ်းဆိုတာ ဆက်ခါဆက်ခါရနေတဲ့ ဆုတစ်ဆုပါ
ဒါကိုပဲ ငါက မင်းအတွက် အပြုံးမပျက် ခံယူချင်ရဲ့.......

သွားဖူးတဲ့ နေရာလေးတွေ
ထိုင်ဖူးတဲ့ ခုံလေးတွေမှာ
အရင်ကတော့
အပြုံးတွေ ဆက်တိုက်ဖူးပွင့်ခဲ့ပေမယ့်
အခုချိန်များမှာတော့
အထီးကျန်သူရဲ့
ပင့်သက်ရှိုက်သံလေးတွေပဲ
ရစ်ဝဲနေရှာတယ်

မမျှော်ပဲ မကြိုဆိုပဲ
ရောက်လာခဲ့တဲ့ ဧည့်သည်ဟာ
တိတ်တဆိတ် ပြန်ထွက်သွားတာ
အပြစ်မဟုတ်ပေမယ့်
ကျန်နေသူ့ရင်မှာတော့
နာကျင်ခြင်းဒဏ်ရာတွေသာ ရနေခဲ့တယ်.........

ချစ်မိသလောက်
အပြစ်လည်း မမြင်နိုင်အောင်ကို
မြတ်နိုးခဲ့တာပါ .....
အရိပ်တကြည့်ကြည့်မဟုတ်တောင်
သေးသေးဖွဲဖွဲလေးက
ဂရုစိုက်ချစ်တတ်တဲ့ ငါ့အတွက်
မင်းအကြည့်တစ်ချက်
မင်းအပြုံးတစ်ပွင့်နဲ့တင်
အရာရာဟာ ကြည်နူးမှုအပြည့်နဲ့
အဲဒီနေ့မှာ
ကောင်းကင်ကြီးတောင်သာယာနေလို့
အဲလောက်တောင် ရူးခဲ့ရတယ်...........

အပေးအယူတွေ ငါမသိဘူး
ပေးဆပ်ခြင်း ရယူခြင်းတွေ ငါမသိဘူး
ငါသိခဲ့တဲ့ အချစ်ရဲ့ဝေါဟာရက
မင်းအလိုကို ဖြည့်ဆည်းပေးပြီး
မင်းကို ပျော်ရွှင်စေချင်ရုံ.......

မင်းအတွက်
အပိုသက်သက်သာ ဖြစ်နေတဲ့
လူတစ်ယောက်ရဲ့ရင်မှာ
မင်းအတွက်
အဖြူသက်သက် အချစ်တွေရှိတယ်.....

မင်းမလိုချင်လို့ ပစ်ခွာထားခဲ့တဲ့
လူတစ်ယောက်ရဲ့ ရင်မှာ
မင်းအတွက်
အမြဲတန်း ကြိုလင့်နေတဲ့
ရင်ခွင်တံခါးတစ်ချပ်ရှိတယ်............ဆိုတာ..........

No comments:

Post a Comment