Wednesday, June 22, 2011
အိမ်မက်ထဲက အိမ်မက်
နေတတ်ပြီ ကျေနပ်ပြီလို့ မနေ့က အထိ ကိုယ့်ကိုကိုယ် ထင်မှတ်နေခဲ့မိတာ.. ဒီနေ့မှာ ပြောင်းလဲသွားတယ်.. ပိုလျှံနေသော အတ္တများနဲ့ လူသားဆန်ဆန် ငါ လောဘတွေတက်နေမိတယ်... ကြည်နူးစရာကောင်းတဲ့ မိသားစု ထမင်းစားပွဲတွေထက် ရမ္မက်တွေ ကြီးစိုးတဲ့ ညကပွဲတွေကို ပိုပြိးမက်မောနေမိတယ်... ခေါက်ရိုးကျိုးနေ့ဆွဲတွေနဲ့ သက္ကရာဇ်တွေတိုက်စားသွားလိုက်တာ ဒီနေ့ ဒီချိန်ထိ ငါ့ ပြက္ခဒိန် 22 ခု ကြေမွသွားခဲ့.... မည်သို့သော အကြောင်းအရာများက ငါ့ကို တစ်ကိုယ်ကောင်းဆန် လမ်းပျောက်စေခဲ့သလဲ.. အတ္တတွေ ရမ္မက်တွေ လောဘတွေ ကိလေသာတွေ ... ဆိုးသွမ်းခြင်းအမြောက်အမြား ပိုင်ဆိုင်တဲ့ လူတစ်ယောက်အဖြစ် လူတစ်ကာအလယ် ငါခေါင်းမော့ရင်ကော့ပြိး မိုက်တွင်းနက်နေခဲ့တယ်.. ခုထိလည်း ဒီတွင်းထဲက ရုံးမထွက်နိုင်သေးဘူး.. ဘယ်တော့များ ရုံးထွက်နိုင်မှာလဲဆိုတဲ့ မျှော်လင့်ချက်တစ်ခုကလွဲရင် ငါ့မှာ ဘာမှရေရေရာရာ မပိုင်ဆိုင်ဘူး...
တစ်ရေးနိုးလို့ ရေထသောက်တတ်တဲ့ ညတွေ ပြန်အိပ်မပျော်ရင်တောင် ငါ့ ဦးတည်ရာ လမ်းမတွေက ကပွဲတွေဘက်ဖြစ်နေတာ မှားနေမှန်းသိတယ်.. ဒီအမှားတွေကိုပဲ ငါမသိချင်ယောင်ဆောင် လမ်းမပေါ်လျှောက်လို့ ငါ့ကိုယ်ပိုင် အိမ်လွမ်းစိတ်လေးကတော့ ရှေ့တစ်မှတ်တိုင်အထိ တစ်ကိုယ်ရေတစ်ကာယ အထီးကျန်နေတယ်... ပြန်မရနိုင်သော ငယ်ဘ၀များကို ငါပြန်တမ်းတတိုင်း ၀ဲလာတတ်တဲ့မျက်ရည်တွေက မိန်းမတွေနဲ့တွေ့တိုင်း အချစ်ယောင်ဆောင်ပြိး မုန်းတီးနေမိတယ်... အာဃာတတွေ အမုန်းတရားတွေနဲ့ မချစ်သော မိန်းမများကို မလေးစားစွာ ငါ ဟန်ဆောင်ကြင်နာမိနေတယ်... အပြစ်တွေ ဖြစ်ပါများတော့ လက်ပြနှုတ်ဆက် ဟန်ဆောင်ပန်ဆောင်နဲ့ ၀တ်ကျေတမ်းကျေ အသဲကွဲနည်းတွေ ငါ့မှာ တစ်ပိုင်တစ်နိုငိစိုက်ပျိုးထားတယ်...
ဆယ်ကျော်သက်ရင်ခုန်သံနဲ့ တောမရောက်တောင်မရောက် ချစ်ခြင်းတွေကြောင့်ဖြစ်တည်မိသော အမုန်းတရားများက အချိန်တန်အရွယ်ရောက် လူလားမြောက်ချိန်ထိ အမှန်အမှားမခွဲခြားနိုင်လောက်အောင် ငါ့ ဆင်ခြင်နိုင်စွမ်းတွေ မှောင်မိုက်ရတယ် ... ဘယ်အချိန် ဘယ်နေရာ ဘယ်လို နေ့မျိုးမှာ ငါ့အလင်းရောင် ငါပြန်ရှာတွေ့နိုင်မလဲ မသိသေးသရွှေ့ လျှောက်သမျှလမ်းတိုင်း ပျောက်ရတာချည်းပဲဖြစ်နေဦးမှာသေချာဆဲ...
ကန္တာရထဲမှာတောင် အိုအေစစ်ဆိုတာ ရှီနေသေးတာပဲ.. ငါ့ဘ၀ အမှောင်ခန်းမှာ တစ်ဦးတစ်ယောက်က လမင်းကြီးမဟုတ်တောင် လမ်းပြကြယ်လောက်တောင် ဖြစ်နိုင်ပါသေးရဲ့....
အော် အိမ်မက် အိမ်မက် .. နောက်ဆုံးတော့လည်း အိမ်မက်က အိမ်မက်လိုပါပဲ... အိမ်မက်ထဲမှာတောင် အိမ်မက်ကိုပဲ ပြန်မက်နေတဲ့ငါက အိမ်မက်တွေထဲမှာ တ၀ဲလည်လည်နဲ့ပေါ့.. မနက်ဖြန်တိုင်း နေထွက်နေဦးမှာပါလေ.......
ဆက်ဖတ်ရန်
ယောက်ျားလေးများခံစားချက်
1.....ချစ်သူ၇ဲ ပါးပြင်ပေါ်က မျက်၇ည်စက်တစ်စက်က
ကိုယ်၇ဲ. နှလုံးသားထဲက သွေးတစ်စက်ပါ.......................!
2......ချစ်သူ၇ဲ. အပြုံးများဟာ............
ကိုယ်၇ဲ ပျော်ရွှင်မူပါ...........................!
3........ချစ်သူ၇ဲ. ကြင်နာမူများက...............
ကိုယ် နှလုံးသားထဲကို ငြိမ်းအေးချမ်းစေတယ်...............!
4......ချစ်သူ၇ဲ. မျက်စောင်းတစ်ချက်က............
ကိုယ် နှလုံးသားထဲမှာ ထပ်တိုးလာတဲ. သံယောစဉ် တစ်ကြိုးပေါ.....................!
ိ
5.......ချစ်သူ၇ဲ. အနမ်းတစ်ပွင်.က
ကိုယ်၇ဲ. နှလုံးသားထဲ.မှာ အဆွဲဆောင်မူအရှိဆုံးနဲ. အလှပဆုံးပါပဲ............အဟီး...........!
့် 6......ချစ်သူ၇ဲ. စစ်မှန်တဲ. အချစ်စစ်က.........
ကိုယ် အနာဂတ်မှာ အလိုအပ်ဆုံး စွမ်းအင်းအားတစ်၇ပ်...........!
7........ချစ်သူ၇ဲ. အမုန်းဟာ..........
ကိုယ် အကြောက်ဆုံးပဲ. ...........!
8........ချစ်သူ၇ဲ. အထင်လွဲမူဟာ..........
ကိုယ် မလိုအပ်ဆုံးပါ................!
9........ချစ်သူ၇ဲ. သစ္စာပျက်မူကတော. ...........
ကိုယ် အခါးသီးဆုံးနဲ. အမုန်းဆုံးပဲဗျာ................!
..............ချစ်သူတိုင်လည်းညားပါစေ................................ညားတိုင်လည်းချစ်ပါစေ...........
ဆက်ဖတ်ရန်
အ ကယ် ၍....
အ ကယ် ၍.....
ပင်လယ် နဲ့ ကမ်းခြေ တသီး တခြား
ဖြစ် ခဲ့ ရင် ............
လှိုင်းတွေ ရှိလိမ့် မည် မဟုတ်...!
အ ကယ် ၍....
မီး နဲ့ မီးခဲ တသီး တခြား
ဖြစ် ခဲ့ ရင်.....
ပြာ တွေ ရှိလိမ့် မည် မဟုတ်...!
အ ကယ် ၍....
နေ့ နဲ့ ည တသီး တခြား
ဖြစ် ခဲ့ ရင်....
ညနေ ခင်းတွေ ရှိလိမ့် မည် မဟုတ်...!
အဲ့ သည် လိုပဲ ကွာ......
ပြန့်ကျဲ နေတဲ့ တိမ်တွေ “....” ငါ
တန်ပြန် သက်ရောက် ရဲ့ နိယာမ သင်က
မင်း အနား ကို တွန်းပို့ ခဲ့တော့
“အချစ် ရောင်ခြည် ပဲ ခေါ်တွင် ပါရစေ”.............!
ဆက်ဖတ်ရန်
နှလုံးသားလက်ရှိ ၊ အချစ်လက်မဲ့ 
ငယ်ငယ်တုံးက နှစ်သက်ခဲ့ ဘူးတဲ့  အရုပ်ကလေး တစ်ရုပ်အတွက်
အရခက်လွန်းလို့  ငိုခဲ့ ရဘူးတဲ့  ကလေး တစ်ယောက် ဖြစ်ခဲ့ ဘူးပါတယ် ။
ခံစားမှုဆိုတာ ဘာလဲ လို့  နားမလည်သေးခင်တုံးကတော့
နှလုံးသားနဲ့  ချစ်တယ်ဆိုတာကို ဟာသ အဖြစ်အပျက်
ဟာသ ဇာတ်ကွက် တစ်ခုလို့ ပဲ ငါ ထင်ခဲ့ မိတာလေ ။
အရွယ်နဲ့  အသိက စေ့ ဆော်လာတတ်တဲ့  အခုကျမှ
မွေ့ လျော်ကာ စဉ်းစား
အပြင်းစား ဆင်ခြင်ဥာဏ် ကိုသုံးမိတော့
တကယ်တမ်း ငါ အဲဒိ အရုပ်ကလေးကို
တကယ်တော့ ပိုင်ဆိုင်လိုမှု ဆန္ဒ ဆိုတဲ့ သတ္တဝါဟာ
နှလုံးသားနဲ့  ချစ်မယ့်  အချစ်အတွက်
မရှိမဖြစ် အဓိက ဆိုတဲ့ လှောင်ချိုင့်ထဲက
မဟုတ်ဘူးဆိုတာသိလိုက်ပေမယ့် 
သူ့ မှာ ဘေးထွက်ဆိုးကျိုးတစ်ခုတော့ရှိနေတယ်လေ
အဲဒါက
ကွေကွင်းခွဲခွာ သွားရမှာကို
အတိုင်းအဆမဲ့  စိုးကြောက်နေရတဲ့  ချစ် မေတ္တာ မျိုး ဖြစ်သွားခဲ့ ရင်ပေါ့ ။
ခေါင်းစဉ်မဲ့  နေတဲ့  အဲဒိ ရောဂါက
ကိုယ်စိတ်နှလုံးသုံးပါး စလုံးကို
လုံးပါး ပါး စေလိုက်ပါပြီ
အရှုံးသမား ဘွဲ့ ခံ ငါ့အတွေးကတော့
ဟိုးးးရှေးကတည်းက မတွေ့ ခဲ့ မိရင်အကောင်းသား လို့ လေ ။
ကြည်ဖြူတော့ သဒ္ဓါ၊ သဒ္ဓါတော့ကြင်နာ
ကြင်နာတော့ကရုဏာ၊ ကရုဏာ တော့ တွယ်တာ
တွယ်တာတော့ မြတ်နိုး
ဟေ့ 
အဲဒိမှာ
ငါ့ နှလုံးသားကို နင်လှုပ်နှိုး
ဆိုးဝါးတဲ့ ကံကြမ္မာက
ဖိတ်ခေါ်မထားတဲ့ ဧည့်သည်လိုမျိုး ဖြစ်လာတော့
ငါ ဟဲ့ ယောင်္ကျား အားတင်းထားလျှက်
ချောက်ချားမှုကိုမခုခံ နိုင်။
ငါ့အတ္တ ထီးရိပ်နဲ့  အသက်တစ်ရာမက
နင့်ကိုမိုးပေးချင်ခဲ့ ပေမယ့်
အချစ်ဆိုဆိုတာကို တန်ဖိုးထားတတ်တဲ့ မှင်စာကောင်ရဲ့
ကွပ်ညှပ်ညှင်းပန်းနေတာကို မခံနိုင်တဲ့ အဆုံး
လုံးလုံး တစ်စက္ကန့်  တောင် ရှင်သန်မနေချင်တဲ့ စိတ်က
နှိပ်စက်လို့ လာပြန်ပြီ။
ဒါပေမယ့် 
နောက်ဆုံးထွက်သက်ထိတိုင်အောင်ပဲ
မျှော်လင့်ချက် မသေဆုံးသင့်ပါဘူးနော်
ရေရာတဲ့ မျှော်လင့်ချက်
မရေရာတဲ့ မျှော်လင့်ချက်
လုံးဝမရှိတဲ့  မျှော်လင့်ချက်
နည်းနည်းပဲရှိတဲ့ မျှော်လင့်ချက်
တောက်ပတဲ့ မျှော်လင့်ချက်
မှုန်ဝါးတဲ့ မျှော်လင့်ချက်
အင်းးးးးးးးး
တစ်စုံတစ်ခုသော မျှော်လင့်ချက် ကတော့
ငါ့ အတွက်
အသက်ဆက် ဆေး တစ်ဖုံပါပဲဟာ။
ဆက်ဖတ်ရန်
ဝမ်းမနည်းတဲ့ လမ်းခွဲခြင်း
ဆစ်ကနဲ ကျဉ်တက်သွားတဲ့ ငါ့ရင်ဘတ်ထဲ
နင်ပက်လိုက်တာ ဘာအက်စစ်ပါလိမ့်
ချဉ်တူးတူးနဲ့ခါးတယ်
သေချာတာကတော့ ရီဝေမူးပြီး
ငါ ရူးသွားခဲ့ရတယ် နင်တော်တယ်ကောင်မလေး။။။
ဘာ...လမ်းခွဲမယ် ဝမ်းမနည်းနဲ့ဟုတ်လား
သွားစမ်းပါကွယ်
လမ်းခွဲတာ ဝမ်းနည်းစရာလား
နင့်အနားမှာမလိုအပ်မှတော့ ငါအခုပဲထွက်သွားမယ်
ထာဝရအတွက် နှုတ်ဆက်တယ်ကောင်မလေးရေ။။။
ဆိုရိုးစကားတွေနဲ့ သတ်မှတ်ချက်တွေကြား
ကြိုးရှုပ်နေရတဲ့ နင့်ဘဝကိုတော့သနားတယ်
ဒါပေမယ့်..ရှေးလူကြီးစကားဆိုတာတွေနဲ့တော့
ငါ့ကိုလာလာကိုင်မပေါက်နဲ့
အသက်ရှင်နေတဲ့လူတွေရဲ့ဘဝကို
သေသွားပြီးဖြစ်တဲ့လူတွေက ဆုံးဖြတ်တာ
ငါလက်မခံဘူး
နင်အမြဲဦးစားပေးတဲ့ ပညတ်ချက်နဲ့စည်းကမ်းတွေထဲ
နင်ပဲနေခဲ့လိုက်တော့ကောင်မလေးရေ
တိုက်ဆိုင်တိုင်းသတိရအောင် တစ်ခုတော့ပြောပြမယ်
နင့်ကိုငါ ခွင့်မလွှတ်ဘူး။။။
အုတ်မြစ်မရှိတဲ့ အိမ်တစ်လုံး
ဝုန်းခနဲပြိုကျမှုမှာ တရားခံရှာမနေတော့ပါဘူး
ငါ့ရင်ဘတ်ကိုက စည်းမထားခဲ့လို့
နင့်ရင်ဘတ်နဲ့ နီးစပ်ခဲ့တာလေ
ကောင်မလေးရေ စိတ်ကူးထဲကအိမ်မက်တွေအတွက်
နင့်ကိုရင်ဘတ်ထဲကနေ မုန်းတယ်။။။
ဂုဏ်၊ဓနနဲ့ အရေအတွက်ကိုနှစ်သက်တတ်ရဲ့နဲ့
မခုတ်တတ်တဲ့ကြောင်တစ်ကောင်လို
နင်မို့ဟန်ဆောင်ရက်တယ်
ဟေ့..ဝမရှိတဲ့ငါကတော့ ထဆင်ထူးပြောင်းပြန်လှန်ပြီး
ဝိမလုပ်ဘူး နင်စိတ်ကူးမယဉ်စမ်းနဲ့ကောင်မလေး။။။
နှစ်ဖက်တင်းလို့ပြတ်တယ်ပြောရအောင်
သားရေကွင်းမှမဟုတ်တာ
အသွင်မတူလို့လမ်းခွဲခြင်းကို ရဲရဲတင်းတင်းရင်ဆိုင်မယ်
နင်မြတ်နိုးတဲ့ ပန်ဒိုရာကိုလည်းခေါ်သွားပါ
အဲဒီမျှော်လင့်ခြင်းဆိုတာတွေလည်း ငါမုန်းတယ်
အသုံးမကျတဲ့ချစ်ခြင်းကိုဖန်တီးတဲ့ထဲ
တစ်စုံတစ်ခုကို မျှော်လင့်ခြင်းဆိုတာလည်းပါတယ်
ကောင်မလေးရယ် နင့်အချစ်တွေကမဖြူခဲ့ပါဘူး။။။
အက်ဆစ်မှန်းသိရက်နဲ့ လက်ခံခဲ့မိမှတော့
ငါ့နှလုံးသားမှာ ဆားပေါက်တာမထူးဆန်းဘူး
ရူးသွပ်စဉ်ကအတွေးလို ငါ့အချစ်တွေကလည်း
ရေမဆန်ခဲ့တော့ နင့်ဂုဏ်သတ္တိကို မလျော့ချနိုင်ခဲ့ဘူးလေ
ကောင်မလေးရေ နင့်အချစ်က   စားလိုက်တဲ့
ငါ့အနာဂတ်အတွက်လည်း နင့်ကိုမုန်းတယ်။။။
နောက်ဆုံးတော့လည်း မနိုင်ခဲ့တဲ့ဒီပွဲမှာ
ငါကပဲ ပကာသနကသတ်ခြင်းခံလိုက်ရတဲ့
ဇာတ်ပျက်သမား အနာဂတ်တွေပါမဲ့သွားခဲ့
အေးပေါ့..တိုက်ပွဲတစ်ခုမှာတော့ အနိုင်ရသူကဘုရင်
ရှုံးသွားသူက ဓားပြတဲ့
နင်ရီမောပြီးအောင်ပွဲခံလိုက်စမ်းပါ
ကောင်မလေးရေ..ငါကလည်း မှောင်မည်းတဲ့အနာဂတ်ထဲ
ဥဒါန်းမကျေတဲ့အမုန်းကိုပိုက်
နင့်ကို ခပ်မိုက်မိုက်မုန်းမယ်။။။
ဆစ်ကနဲ ကျဉ်တက်သွားတဲ့ ငါ့ရင်ဘတ်ထဲ
နင်ပက်လိုက်တာ ဘာအက်စစ်ပါလိမ့်
ချဉ်တူးတူးနဲ့ခါးတယ်
သေချာတာကတော့ ရီဝေမူးပြီး
ငါ ရူးသွားခဲ့ရတယ် နင်တော်တယ်ကောင်မလေး။။။
ဆက်ဖတ်ရန်
ကျန်းမာရေးရမယ် ~ ~ ~ ကျန်းမာရေး
သော့(၁) WATER
            မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။
သော့(၂) SLEEP
            အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။
သော့(၃) APPETITE
            အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။
သော့(၄) EXERCISE
            အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။
သော့(၅) MUSIC/LITERATURE
            ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။
သော့(၆) BEANS
            ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။
သော့(၇) VICES
            ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။
သော့(၈) LOVE/SEX
            လိင်နှင့်အချစ်ကို ညီမျှပါစေ။
သော့(၉) LONELINESS
            အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။
သော့(၁ဝ) MIND
             ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။
သော့(၁၁)TEA
             ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။
သော့(၁၂) SMILE
              ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။
ဆက်ဖတ်ရန်
Tuesday, June 21, 2011
ရင်ထဲကအလွမ်းဝေဒနာ
 အော် ဝေးရက်တွေလက်ရေချိုး   အလွမ်းပိုနေလို့    နီးမလာပေသိပေမဲ့
လွမ်းတတ်တဲ့အရသာတစ်ခုကို    နတ်မင်းနဲ့တောင်မလှဲချင်ဘူး
အနေဝေးနေတဲ့ ငါ့ရင်ထဲမှာ   တိုးတိတ်စွာခံစားနေဆဲပဲ
အလွမ်းဝေဒနာကို ပန်းလိုမပျိုးချင်ပေမဲ့
အချိန်ရောက်တိုင်း    အချိန်ချိန်မှန်မှန်လွမ်းနေတဲ့ ငါ့နှလုံးသာကို
အဝေးကမင်းမြင်စေချင်လိုက်တာ
မဆုံဆည်းနိုင်တဲ့ ဘဝမို့
ငါ့အသိစိတ်က မောင်းထုတ်မေ့ပစ်လိုက်ချင်တယ်
မသိစိတ်ထဲက လွမ်းတတ်တဲ့နှလုံးသားကို ခွင့်မလွတ်ပဲ့
တစ်ဘဝစာဆုံးခန်းတိုင်အောင် လွမ်းသွားပေးပါလို့
ရင်ထဲက တောင်းဆိုနေဆဲပါ-------
ဆက်ဖတ်ရန်
နမ်းရှိုက်ခွင့်
တဂိုးရဲ့ စကားတစ်ခွန်း ခပ်ငယ်ငယ် အရွယ်က မှတ်မှတ်ရရ ရှိခဲ့ဖူးတယ်
“ပန်းခင်းကြီး ထဲကို သင်လျှောက်လှမ်းလာတဲ့အခါ
တွေ့တဲ့ပန်းကို အလျင်စလိုမခူးလိုက်ပါနဲ့
ရှေ့ဆက်လျှောက်ပါဦး.......
သင့်နှလုံးသားရဲ့ မျှော်လင့်ချက်တွေနဲ့
ထပ်တူကျတဲ့ပန်းတစ်ပွင့်
သင့်ကိုစောင့်နေပါလိမ့်မယ်”
 ဟုတ်တယ် လျှောက်လှမ်းလာလိုက်တာ
ပန်းခင်းကြီးကိုတွေ့ရပါတယ်
ကာလာတွေလဲ စုံလင်လှပါရဲ့...
နှလုံးသားရဲ့ မျှော်လင့်ချက်တွေနဲ့
ထပ်တူကျတဲ့ ပန်းတစ်ပွင့်ကကော
စုံခွင့်ရနေပြီလားလို့?
ထာဝရနမ်းရှိုက်ခွင့်အတွက်
ကံကြမ္မာဆီ မှာ အခါခါ
နားပူနားဆာ လုပ်နေမိတော့မယ်ထင်ပါရဲ့......
ဆက်ဖတ်ရန်
သူမသိတဲ့အချစ်~~~~~~~
သူငယ်ချင်းသံယောဇဉ်
နင့်နှုတ်ခမ်းက အကြိမ်ကြိမ်ပြောနေပေမယ့်
နင်မဟုတ်တဲ့ ယောကျာ်းလေးတစ်ယောက်နဲ့
စကားပြောရင်တောင် မျက်မှောင်ကျုံ့ပြီး
စိတ်တိုတတ်တဲ့နင်~~~~
ဖြူဖြူစင်စင်ချစ်တာပါလို့
ခဏခဏ နင်ညည်းနေတတ်ပေမယ့်
ဘာမဟုတ်တဲ့ ချောလှဲမှုမျိုးမှာတောင်
ငါ့ကိုကုန်းပိုးပီး ဆေးခန်းကို
ပြေးတတ်တဲ့နင်~~~~
“လူဆိုးမ”ဆိုပီး
ငါ့ကိုအမြဲ နင်ခေါ်တတ်ပေမယ့်
ငါနေမကောင်းဖြစ်တိုင်းမှာ
ငါ့ထက်အရင် ငိုနေတတ်တဲ့နင်~~~~
“ငယ်သူငယ်ချင်းလေး”ဆိုတဲ့
စည်းထဲကနေ ရုန်းထွက်ဖို့ကြိုးစားပေမယ့်
မလွတ်မြောက်နိုင်တဲ့နင်~~~~
သူငယ်ချင်းဆိုတဲ့ မျက်နှာဖုံးကို
စွပ်ထားတဲ့နင်~~~~
မျက်နှာဖုံးအောက်က အတွင်းစိတ်ကို
မြင်နေရတဲ့ငါ~~~~
နင်မပြောလာသရွေ့
နင့်ရဲ့ဘေးမှာ ပျော်ရွှင်မှု
ဝမ်းနည်းမှုတွေကို မျှဝေခံစားရင်း
ချစ်သူငယ်ချင်းဆိုတဲ့ ဘ၀လေးမှာ
ငါကျေနပ်ပျော်ရွှင်နေမှာပါဟာ
ဒါဟာ မိန်းကလေးအချစ်ပါ~~~~t
ငါကျေနပ်နေပျော်ပါတယ်
ဆက်ဖတ်ရန်
***ကြယ်စင်***
ဝေး၇တော့မယ်ဆိုတာကိုသိလျှက်နဲ့
တဇွတ်ထိုးစိတ်နဲ့
ချစ်ခဲ့မိတာပါ........
မင်ပြုံးလိုက်တိုင်း ငါ့၇င်ထဲမှာတော့
တိုင်းပြည်ပျတ်မတက်တုန်ပီားသွာတဲ့ငါ၇င်ထဲက
အချစ်တွေကိုကောသိနိုင်မှာလားသူငယ်ချင်း၇ယ်
သူစိမ်းကောင်လေးတွေနဲ့တွဲတာတွေ့၇င်လည်း
သ၀န်တိုစိတ်နဲ့ပြောချင်တဲ့စကားတွေ
မြိုသိပ်ထား၇တာလဲ၇င်ခွင်နဲ့အပြည့်ပါကွာ
တစ်ကယ်တော့မင်းဘ၀နဲ့
ကိုယ့်ဘ၀ဆိုတာ ပိာုးအဝေးကလှမ်းမြင်နေ၇တဲ့ကြယ်လိုပါပဲ
တွေ့ခွင့်၇ှိပေမယ့်ဆုံခွင့်ဆိုတာဒီတစ်သက်မှာလေ
သူငယ်ချင်းဆိုတဲ့စည်းခြားထားလို့
အနီးအနားမျာနေဖို့အခွင့်မသာခဲ့ဘူး
ဆုံခွင့်မ၇ှိတော့၇င်လည်း
အလွမ်းသီချင်းတွေကိုလိပ်ပြာလေးတွေကတီးခတ်နေပြီး
သံစဉ်တွေကခုန်နေချိန်မှာ
အိပ်မက်ချည်တဲ့ကြိုးသာ
အလွမ်းမဖြစ်၇င်တော်ပြီ..............
ဆက်ဖတ်ရန်
Monday, June 20, 2011
ချစ်တယ်ဆိုတာနဲ့မလုံလောက်အောင်ချစ်ခဲ့တာပါ
ချစ်ရသူေ၇.........
အရမ်းလွမ်းနေတယ်
အရမ်းသတိရနေပါတယ်ဟာ
ညမှောင်နေပေမဲ့ လမင်းကြီးကြောင့်
အ၇ာ၇ာကိုမြင်နိုင်ပါတယ်
နင်ကိုတမ်းတနေတဲ့ငါ ကို
လမင်းကြီးက ပြုံးပြီးနှစ်သိမ့်နေသလိုပါပဲ
ယုံတမ်းစကားတစ်ခုဖြစ်တဲ့လမင်းကြီးထဲမှာ
ယုန်ကလေးနဲ့ဆန်ဖွတ်နေတဲ့အဘိုးအိုရှိနေတဲ့ဆိုတာကို
မဟုတ်မှန်းသိပေမဲ့ ငါရှာတော့ကြည့်မိတယ်
ဒီလိုပဲ..........
ငါကို သိပ်ချစ်တယ် တကယ်လွမ်းတယ်ဆိုတဲ့
နင်စကားတွေ ယုံတမ်းစကားတစ်ခုဖြစ်ခဲ့ရင်တောင်
ယုံကြည့်စွာ မျှော်လင့်ချက်ထားနေဦးမှာပါ
ခွန်ဆန်လောနဲ့နန်းဦးပြင်ဆိုတဲ့ရှမ်းပုံပြင်လေးတစ်ပုဒ်
ငါသိပြီးချိန်မှာ ကောင်းကင်ကိုကြည့်မိတိုင်း
သူတို့နှစ်ယောက်ကိုငါရှာကြည့်မိတယ်
နင်ပုံရိပ်တွေကိုတော့
မနက်မျက်လုံးဖွင့်ချိန်ကစ
ညမျက်စိမှိတ်ချိန်ထိ
ငါရှာနေမိတုန်းပါပဲဟာ
ရိုမှီယိုနဲ့ဂျူးလိယက်
ဘယ်လောက်ချစ်တယ်ပြောပြော
သူတို့နှစ်ယောက်အချစ်တွေပေါင်းရင်တောင်
ငါ့အချစ်တွေကိုမှီနိုင်ပါ့မလား
မပြောပြတတ်ပါဘူး
ကောင်မလေးရယ်...............
အလှမ်းဝေးလို့
အရမ်းဆွေးနေရတာလားဟာ
ဒီလိုမျိုးဝေးနေချိန်မှာ
ှု(ဖုန်းထဲကမှာနင်ပြောတဲ့စကားတစ်ချို့)
ငါနှလုံးသားကိုအလွမ်းမပြေစေဘဲ
နွမ်းကြေစေတယ် နင်သိလား
[ငါဘာလုပ်လုပ် နင်အပူလား
 ငါဘာဖြစ်ဖြစ် နင်နဲ့ဆိုင်လို့လား]
 ငါလုပ်ချင်သလိုလုပ်မယ်ဆိုတဲ့
နင်စကားတွေ
ငါနှလုံးသားကိုဆူးတစ်ချောင်းချင်းထိုးဆိုက်နေသလိုပဲ
မုန်းတယ်ဆိုပြီး စတယ်ဆိုတဲ့စကားက
ငါနှလုံးကိုအနာကျင်ဆုံးပဲဟာ
နင်ငါကိုချစ်တယ်ဆိုတာ ငါသိပါတယ်
ငါနင်ကိုဘယ်လောက်ချစ်တယ်ဆိုတာပဲ
နင်မသိခဲ့တာလေ
ငါကိုဂျစ်တစ်တစ်စကားတွေအစား
ငါကိုအရမ်းလွမ်းတယ်
အရမ်းချစ်တယ်ဆိုတဲ့ စကားတွေ
ပြော၇င်ဘယ်လောက်ကောင်းမလဲ
နင်နှလုံးသားထဲကအချစ်တွေကို
ထုတ်ဖော်ပြခိုင်းနေတာမဟုတ်ပါဘူး
ဒါပေမဲ့........
လူသားတိုင်း ကိုယ့်ချစ်သူဆီက
ဘယ်လိုစကားတွေကိုမျှော်လင့်လဲဆိုတာ
နင်လည်းသိမှာပါ
သိုပေမဲ့လည်း...............
ဒါတွေနင်သိအောင်မပြောခဲ့ပါဘူး
နင်ပျော်ပါစေဆိုပြီး
ငါဖြစ်ချင်တာတွေကို နင်ဖြစ်ချင်တာတွေနဲ့
ဖုံးဖိထားခဲ့တာပါ
နင်အပြုံးတွေပဲငါမြင်ချင်ခဲ့လို့ပါ
ခွဲကွာနေတော့ နင်ကိုလဲ
စိတ်အနှောက်အယှက်ဖြစ်မှာ
မလိုလားခဲ့လို့ပါချစ်သူရယ်
ငါအချစ်တွေကို..........
ပေးဆပ်ခြင်းလို့ခေါင်းစဉ်တပ်ခွင့်
မရှိခဲ့ဘူးဆိုရင်တောင်
ရယူခြင်းမဟုတ်တာတော့
သေချာပါတယ်ဟာ
ဒါပေမဲ့................
ငါနင်ကိုပိုင်ဆိုင်ချင်တာတော့ တကယ်ပါ ချစ်သူရယ်...............................။။
ဆက်ဖတ်ရန်
အလွမ်းကဗျာ
နှလုံးသားကို သီချုပ်
ကဗျာတစ်ပုဒ် လုပ်မိ....။
မမေ့နိုင်သော နေ့ရက်တွေကြား
လုံးပါးပါးလု အသည်း..တမ်းတဆဲသာ..။
မေ့မရပြီ...ဆွေးတိတ်ပန်းချီ
ဝေရီအိပ်မက် ဆက်မက်နေမိ..။
အို...
တောင်ပံတွေနဲ့အဝေးသို့ မင်းပျံ
ဒဏ်ရာတွေနဲ့ တစ်ယောက်တည်းကျန်ခဲ့..။
ဖော်မဲ့သောလမ်း..အလွမ်းကြမ်းကြမ်းတွေနဲ့ကျော်ဖြတ်
ရင်ခွင်ဟာတော့ ဒဏ်ရာတွေနဲ့
ကွဲ......ရှ......ဟက်...တက်...။
ခရီးကြမ်းမှာစီးမျောခဲ့တဲ့ ငါ့ရင်ခွင်သဘောင်္
ဝမ်းနည်းခြင်းနဲ့ရင်မောလှပြီ...
တိမ်လွှာကိုခြုံ...သိပ်လုံခြုံတော့
ငါ့မှာ မင်းကို ဘယ်လိုတွေ့နိုင်ပါလိမ့်..။
ကောင်းကင်ကိုမျှော်..
တမ်းတာခေါ်လည်း...မင်းမှာဘယ်လိုကြားနိုင်ပါလိမ့်..။
နှလုံးသားမှ...သွေးဖြာကျ၏
လွမ်းသည်လွမ်းသည်....သေလုပြီ...
ငါ့ကဗျာလည်း...ငိုလေပြီ..။
ဆက်ဖတ်ရန်
Sunday, June 19, 2011
အွန်လိုင်းအချစ်က ဒီလိုလား
ကောင်မလေးရေ နင်နဲ့ငါက အွန်လိုင်းမှာတွေ့ အွန်လိုင်းမှာချစ်ခဲ့ကြတာလေ VZO ထဲမှာတွေ့ရတဲ့နင်အပြုံး ဖုန်းထဲမှကြားရတဲ့ နင်ရယ်သံလေးတွေကို copy လုပ်ပြီး ငါနှလုံးသားမှာ paste လုပ်လိုက်တာခုဆိုရင် အဲဒီနေရာလေးက အသက်ရှူလိုက်ရင် (လေတွေထွက်ထွက်လာတယ်ဟ) အောင့်အောင့်လာတယ်ဟ (အစာမကြေလို့မသိဘူး ဆေးဝယ်သောက်အုံးမှ) ခုတော့နင်ကအွန်လိုင်းနဲ့ငါကို ရေမြေတွေခြားလို့လား ထားခဲ့တာလား အနေတွေဝေးလို့ သွေးအေးသွားတာလား မတွေတာကြာလို့ မေ့လိုက်တာလား အသစ်တွေ့လို့ အဟောင်းကို
block လိုက်တာလား ငါထင်တာတွေမဟုတ်ဘူးဆိုရင်လေ နင်စိတ်ပါလို့ဘဲဖြစ်ဖြစ် ပျင်းလို့ဘဲလာလာ အွန်လိုင်းပေါ်ရောက်ဖြစ်ခဲ့ရင် ငါအတွက်အများကြီးမဟုတ်တောင် ခပ်ပါးပါးလေး သတိယတဲ့အကြောင်း စာချန်ခဲ့ပေးနော်...ဟိုအရင်ကတော့ သတိယရင်စာတွေအပြန်လှန်ရေး စာလေးတွေကဘဲနင်နဲ့ငါကြားမှာနီးစေခဲ့တာပေါ့.....ခုတော့နင်မတက်တော့အွန်လိုင်းမှာ နင်မချစ်တော့တဲ့ငါကတော့ နင်ရှိတက်တဲ့အချိန်တွေတိုင်းမှာ နင်များတက်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အမြဲလိုလိုထိုင်နေမိတယ်....ဒါကိုသယ်ငယ်ချင်းတွေကမေးကြတယ် နင်ကဘာလာလုပ်တာလဲ နေတိုင်းဘဲတွေ့တယ်နော်တဲ့ အဲဒီချိန်မှာ ငါပြန်ဖြေမိတာက တစ်ခွန်းထဲသောစကားက ငါကောင်မလေးကိုလာစောင့်နေတာ ဒါကိုနေတိုင်းပြောမိတော့ သူတိုကပြောကြတယ် နင်တော်တော်ရူးတာဘဲတဲ့ အွန်လိုင်းမှာက အတည်မဟုတ်ဘူး အပျော်တဲ့ ချစ်လို့မဟုတ်ဘူး ပျင်းလို့တဲ့ လေထဲမှာပြောတဲ့စကား လေထဲမှာဘဲလွင့်ပြယ်သွားမှာကို နင်ကတကယ်ထင်နေတာတာလားတဲ့...နင်အတွက်နဲ့ ငါမခံနိုင်ပေမယ့် သူတို့ပြောတာမှန်နေတော့ ငါငြင်းဆန်ဘို့ စကားလုံးမရှိခဲ့ဘူး ...အရာရာဟာပြီးဆုံးသွားပြီလား ဒါတွေက အမှန်တွေလား လူတိုင်းဘဲ ဒီလိုလား ငါကျမှဘဲဖြစ်ပျက်တာလား နင်ကိုမေးချင်လိုက်တာဟာ အွန်လိုင်းအချစ်က ဒီလိုလားလို့........
ဆက်ဖတ်ရန်
Saturday, June 18, 2011
ဟယ် ... ၀က်အူချောင်းကြီးတော့ .
ဆေးကျောင်းတခုတွင် ဖြစ်သည်..
ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်..
ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်...
စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ်
တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး
တော့.
ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိပ်ကို ရွေး ချယ် ကြီး..
ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို
ဖြေ ဆို ရမှာ ဖြစ် ပါတယ်..
အဲ ဒီလိုနဲ့..
ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ..
ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့....
ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး...
မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့..
"ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" ..
လို့ ပြော ပါတယ်..
အဲဒီမှာ ဆရာ ၂ ယောက် က...
"သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... "
"သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်..
အဲဒီမှာ.. ကျောင်းသူ လေး က...
"မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်.
ထို အခါ ဆရာကလည်း.
"မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ"
"ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး"
"ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့..
ကျောင်း သူလေး က လည်း..
"မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.."
ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ.
"ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ...
တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့.....
ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က..
"ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း
မိပြီ"...တဲ့..............
ဆက်ဖတ်ရန်
အရူးရေးတဲ့ကဗျာ
အမုန်းတစ်ခွက်ပေးပါ
ရေမရောနဲ့
အလွမ်းတွေကို ပါးပါးလှီးပြီးသုတ်ပေးပါ
မျက်ရည်ရွှဲရွဲလေးဆမ်းပေး
အနမ်းတွေမထည့်နဲ့နော်
မကြိုက်ဘူး
အား ပါးပါး  ကောင်းလိုက်တာ
ဟိတ် ကိုယ့်ကိုယ် ကို အထင်မကြီးနဲ့
အသည်းကွဲလို့သောက်တာမဟုတ်ဘူး
သောက်ချင်လို့အသည်းကွဲတာ။
ဆက်ဖတ်ရန်
ရင်ခုန်သံတွေပွေ့ဖက်
 ချစ်ခြင်းအလင်္ကာ..နှလုံးသားနဲ့ ရေး....
နီဆွေးတဲ့ သွေး..
အချစ်ဆိုတဲ့ အရောင်လေးထည်...့
အသက်နဲ့ ထပ်တူ.................
ချစ်ခြင်းအလင်္ကာ................
အရောင်မျိုးစုံ.....ဆေးတွေခြယ်လို့သူဂုဏ်သတ္တိ....
ထာဝရသစ်လွင်.....................
အချစ်တောမှာဘယ်တော့ဖြစ်ဖြစ်..ထာဝရသစ်လွင်...
အချစ်တဲ့ လား...
နှလုံးသာမှာခိုနားသစ်ပင်....
ဆွတ်ချူယူငင်ရိုက်ပုတ်ထားခဲ့ဒဏ်ရာရှိလည်းချစ်စမြဲပင်..
.နှလုံးသားမှာ..............
ချစ်ခြင်းအလင်္ကာ...ယုယပိုက်ထွေး..
နူးညံသက်ဝင်.....................
အချစ်တဲ့လား....အသက်နဲ့ ပေးဆပ်..
ချစ်ခြင်းဖွဲ့ တည်..................
နူးညံရင်ခွင်ဖြူစင်မှုကို..ဆေးရောင်မျိုးစုံ...
အရောင်လေးထဲ့ ..................
အချစ်မြင်လား....
ကဗျာလေး
တပုဒ်ဖြစ်သွားတယ်...
အသက်နဲ့ ထပ်တူ
ချစ်မြတ်နိုးတဲ့ နှလုံးသားလေးဖြစ်သွားတယ်......
ဆက်ဖတ်ရန်
အစားအစာနဲ့ ရောဂါ ကုသကြရအောင်
သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ အဖြစ်များတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို အောက်ပါ အရသာရှိလှတဲ့ အစားအစာနဲ့ ကုသနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
မကြာခဏ ခေါင်းကိုက်တတ်ခြင်း
ဟင်းနုနယ်ရွက် စားပါ
ဟင်းနုနယ်ရွက်မှာ ခေါင်းကိုက်တာ သက်သာစေနိုင်တဲ့ ဗီတာမင် B အမျိုးအစား Riboflavin အများအပြား ပါဝင်ပါတယ်။ ဂျာမန်မှ သုတေသီတွေက Riboflavin ဟာ ခေါင်းကိုက်ဝေဒနာ ရှိသူတွေကို ခေါင်းကိုက်တဲ့ အကြိမ်အရေအတွက် ထက်ဝက်ခန့် လျှော့ချနိုင်ပြီး ခေါင်းကိုက်ပျောက်ဆေး သောက်ရတဲ့ အရေအတွက် လျော့နည်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ Riboflavin ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင် B ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်းမှာ သိုလှောင် သိမ်းဆည်းထားနိုင်မှု မရှိပါဘူး။ ဒါကြောင့် နေ့စဉ် အစိမ်းရောင် ဟင်းရွက်တွေ စားပေးပြီး ဗီတာမင် B (Riboflavin) ရရှိအောင် ရယူပါ။
အအေးမိနှာစေးခြင်း
ကြက်စွပ်ပြုတ်ရည် သောက်ပါ
အမေရိကန်မှ သုတေသီတွေက ကြက်သားနဲ့ ဟင်းသီးဟင်းရွက် စွပ်ပြုတ်ရည် သောက်တာကြောင့် ရောင်ရမ်းမှုကို လျှောချနိုင်တဲ့ စွမ်းအင်ရှိပြီး အအေးမိဝေဒနာ သက်သာနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ခံတွင်းအနံ့ နံခြင်း
ဒိန်ချဉ်သောက်ပါ
ခံတွင်းအနံ့ သန့်ရှင်းနေအောင် ဒိန်ချဉ်သောက်ပါ။ နို့ထွက်ပစ္စည်းကို နေ့စဉ် သောက်တာကြောင့် ပါးစပ်အတွင်း ခံတွင်းနံ့ နံစေတဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက် အဆင့်တွေ လျှော့ချနိုင်ပါတယ်လို့ ဂျပန်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ရိုးရိုး ဒိန်ချဉ်သာ သောက်ပါ။ သစ်သီး ပါဝင်တဲ့ ဒိန်ချဉ်တွေမှာ အချိုဓာတ် ပိုကဲတာကြောင့် သွားပိုးစားစေနိုင်လို့ပါ။
အစာမကြေခြင်း
စမုန်စပါး စားပါ
စမုန်စပါးမှာ ဗိုက်ပွတာ၊ ဗိုက်နာတာ၊ လေပွတာ၊ ပျို့တာနဲ့ ရင်ပူတာတွေကို သက်သာစေနိုင်တဲ့ Anti-spassmodic ဂုဏ်သတ္တိရှိတဲ့ ဒြပ်ပေါင်းတွေ ပါဝင်လို့ပါ။ အစာစားပြီးတိုင်း စမုန်စပါး ဝါးစားပါ။
ဆက်ဖတ်ရန်
Friday, June 17, 2011
ထိမ်းမြား မင်္ဂလာ (၁၀)ပါး
မန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။
သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။
ထမင်း သိုမဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)
သတို့သား ၀တ်ဆင်သော လက်စွပ်ကို သတို့သမီးအား ၀တ်ဆင်ပေးခြင်း၊ သတို့သမီး ၀တ်ထားသော လက်စွပ်ကို သတို့သားအား ၀တ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အ၀တ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အ၀တ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကို တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။
ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။
သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် န၀ရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
ဆက်ဖတ်ရန်
ဆယ်ကျော်သက်တွေ အချစ်ကိုဘယ်လိုနားလည်ခံစားကြသလဲ?
အချစ်ဆိုတဲ့ အရသာကို
မြည်းစမ်းကြည့်ချင်ကြတဲ့
ဆယ်ကျော်သက် အရွယ်တွေမှာ
အချစ်ခါးခါးကို ခံစားသွားမိရင်
နောင်မှာ အချစ်ကို
ကြောက်သွားမှာ စိုးရိမ်ရတယ်။
ဒီလိုပါပဲ...
အချစ်ချိုချိုကို မြည်းစမ်းမိပြီး
အချစ်တောမှာ
မျောနေမှာလည်း စိုးရိမ်ရပြန်တယ်။
ဒီတော့...
အချစ်ကို အပြစ်မဖြစ်စေနဲ့။
အချစ်ကြောင့် အသည်းတစ်ထောင့် တစ်နေရာမှာ
ဒဏ်ရာအနာတရ မဖြစ်ပါစေနဲ့။
ချစ်ကံမွဲလို့ စိတ်ဆင်းရဲပြီး
ထင်တိုင်း မကြဲမိစေရန်
ဆက်ဖတ်ရန်
Saturday, June 4, 2011
U-kiss shut up
ဆက်ဖတ်ရန်
Friday, June 3, 2011
Sue Sha Mixtape
Lyric - Sue Sha
Music - Glock , Sue Sha
ဆက်ဖတ်ရန်