Sunday, June 19, 2011

အွန်လိုင်းအချစ်က ဒီလိုလား

ကောင်မလေးရေ နင်နဲ့ငါက အွန်လိုင်းမှာတွေ့ အွန်လိုင်းမှာချစ်ခဲ့ကြတာလေ VZO ထဲမှာတွေ့ရတဲ့နင်အပြုံး ဖုန်းထဲမှကြားရတဲ့ နင်ရယ်သံလေးတွေကို copy လုပ်ပြီး ငါနှလုံးသားမှာ paste လုပ်လိုက်တာခုဆိုရင် အဲဒီနေရာလေးက အသက်ရှူလိုက်ရင် (လေတွေထွက်ထွက်လာတယ်ဟ) အောင့်အောင့်လာတယ်ဟ (အစာမကြေလို့မသိဘူး ဆေးဝယ်သောက်အုံးမှ) ခုတော့နင်ကအွန်လိုင်းနဲ့ငါကို ရေမြေတွေခြားလို့လား ထားခဲ့တာလား အနေတွေဝေးလို့ သွေးအေးသွားတာလား မတွေတာကြာလို့ မေ့လိုက်တာလား အသစ်တွေ့လို့ အဟောင်းကို
block လိုက်တာလား ငါထင်တာတွေမဟုတ်ဘူးဆိုရင်လေ နင်စိတ်ပါလို့ဘဲဖြစ်ဖြစ် ပျင်းလို့ဘဲလာလာ အွန်လိုင်းပေါ်ရောက်ဖြစ်ခဲ့ရင် ငါအတွက်အများကြီးမဟုတ်တောင် ခပ်ပါးပါးလေး သတိယတဲ့အကြောင်း စာချန်ခဲ့ပေးနော်...ဟိုအရင်ကတော့ သတိယရင်စာတွေအပြန်လှန်ရေး စာလေးတွေကဘဲနင်နဲ့ငါကြားမှာနီးစေခဲ့တာပေါ့.....ခုတော့နင်မတက်တော့အွန်လိုင်းမှာ နင်မချစ်တော့တဲ့ငါကတော့ နင်ရှိတက်တဲ့အချိန်တွေတိုင်းမှာ နင်များတက်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အမြဲလိုလိုထိုင်နေမိတယ်....ဒါကိုသယ်ငယ်ချင်းတွေကမေးကြတယ် နင်ကဘာလာလုပ်တာလဲ နေတိုင်းဘဲတွေ့တယ်နော်တဲ့ အဲဒီချိန်မှာ ငါပြန်ဖြေမိတာက တစ်ခွန်းထဲသောစကားက ငါကောင်မလေးကိုလာစောင့်နေတာ ဒါကိုနေတိုင်းပြောမိတော့ သူတိုကပြောကြတယ် နင်တော်တော်ရူးတာဘဲတဲ့ အွန်လိုင်းမှာက အတည်မဟုတ်ဘူး အပျော်တဲ့ ချစ်လို့မဟုတ်ဘူး ပျင်းလို့တဲ့ လေထဲမှာပြောတဲ့စကား လေထဲမှာဘဲလွင့်ပြယ်သွားမှာကို နင်ကတကယ်ထင်နေတာတာလားတဲ့...နင်အတွက်နဲ့ ငါမခံနိုင်ပေမယ့် သူတို့ပြောတာမှန်နေတော့ ငါငြင်းဆန်ဘို့ စကားလုံးမရှိခဲ့ဘူး ...အရာရာဟာပြီးဆုံးသွားပြီလား ဒါတွေက အမှန်တွေလား လူတိုင်းဘဲ ဒီလိုလား ငါကျမှဘဲဖြစ်ပျက်တာလား နင်ကိုမေးချင်လိုက်တာဟာ အွန်လိုင်းအချစ်က ဒီလိုလားလို့........

No comments:

Post a Comment