Monday, June 20, 2011

ချစ်တယ်ဆိုတာနဲ့မလုံလောက်အောင်ချစ်ခဲ့တာပါ

ချစ်ရသူေ၇.........
အရမ်းလွမ်းနေတယ်
အရမ်းသတိရနေပါတယ်ဟာ
ညမှောင်နေပေမဲ့ လမင်းကြီးကြောင့်
အ၇ာ၇ာကိုမြင်နိုင်ပါတယ်
နင်ကိုတမ်းတနေတဲ့ငါ ကို
လမင်းကြီးက ပြုံးပြီးနှစ်သိမ့်နေသလိုပါပဲ
ယုံတမ်းစကားတစ်ခုဖြစ်တဲ့လမင်းကြီးထဲမှာ
ယုန်ကလေးနဲ့ဆန်ဖွတ်နေတဲ့အဘိုးအိုရှိနေတဲ့ဆိုတာကို
မဟုတ်မှန်းသိပေမဲ့ ငါရှာတော့ကြည့်မိတယ်
ဒီလိုပဲ..........
ငါကို သိပ်ချစ်တယ် တကယ်လွမ်းတယ်ဆိုတဲ့
နင်စကားတွေ ယုံတမ်းစကားတစ်ခုဖြစ်ခဲ့ရင်တောင်
ယုံကြည့်စွာ မျှော်လင့်ချက်ထားနေဦးမှာပါ
ခွန်ဆန်လောနဲ့နန်းဦးပြင်ဆိုတဲ့ရှမ်းပုံပြင်လေးတစ်ပုဒ်
ငါသိပြီးချိန်မှာ ကောင်းကင်ကိုကြည့်မိတိုင်း
သူတို့နှစ်ယောက်ကိုငါရှာကြည့်မိတယ်
နင်ပုံရိပ်တွေကိုတော့
မနက်မျက်လုံးဖွင့်ချိန်ကစ
ညမျက်စိမှိတ်ချိန်ထိ
ငါရှာနေမိတုန်းပါပဲဟာ
ရိုမှီယိုနဲ့ဂျူးလိယက်
ဘယ်လောက်ချစ်တယ်ပြောပြော
သူတို့နှစ်ယောက်အချစ်တွေပေါင်းရင်တောင်
ငါ့အချစ်တွေကိုမှီနိုင်ပါ့မလား
မပြောပြတတ်ပါဘူး
ကောင်မလေးရယ်...............
အလှမ်းဝေးလို့
အရမ်းဆွေးနေရတာလားဟာ
ဒီလိုမျိုးဝေးနေချိန်မှာ
ှု(ဖုန်းထဲကမှာနင်ပြောတဲ့စကားတစ်ချို့)
ငါနှလုံးသားကိုအလွမ်းမပြေစေဘဲ
နွမ်းကြေစေတယ် နင်သိလား
[ငါဘာလုပ်လုပ် နင်အပူလား
 ငါဘာဖြစ်ဖြစ် နင်နဲ့ဆိုင်လို့လား]
 ငါလုပ်ချင်သလိုလုပ်မယ်ဆိုတဲ့
နင်စကားတွေ
ငါနှလုံးသားကိုဆူးတစ်ချောင်းချင်းထိုးဆိုက်နေသလိုပဲ
မုန်းတယ်ဆိုပြီး စတယ်ဆိုတဲ့စကားက
ငါနှလုံးကိုအနာကျင်ဆုံးပဲဟာ
နင်ငါကိုချစ်တယ်ဆိုတာ ငါသိပါတယ်
ငါနင်ကိုဘယ်လောက်ချစ်တယ်ဆိုတာပဲ
နင်မသိခဲ့တာလေ
ငါကိုဂျစ်တစ်တစ်စကားတွေအစား
ငါကိုအရမ်းလွမ်းတယ်
အရမ်းချစ်တယ်ဆိုတဲ့ စကားတွေ
ပြော၇င်ဘယ်လောက်ကောင်းမလဲ
နင်နှလုံးသားထဲကအချစ်တွေကို
ထုတ်ဖော်ပြခိုင်းနေတာမဟုတ်ပါဘူး
ဒါပေမဲ့........
လူသားတိုင်း ကိုယ့်ချစ်သူဆီက
ဘယ်လိုစကားတွေကိုမျှော်လင့်လဲဆိုတာ
နင်လည်းသိမှာပါ
သိုပေမဲ့လည်း...............
ဒါတွေနင်သိအောင်မပြောခဲ့ပါဘူး
နင်ပျော်ပါစေဆိုပြီး
ငါဖြစ်ချင်တာတွေကို နင်ဖြစ်ချင်တာတွေနဲ့
ဖုံးဖိထားခဲ့တာပါ
နင်အပြုံးတွေပဲငါမြင်ချင်ခဲ့လို့ပါ
ခွဲကွာနေတော့ နင်ကိုလဲ
စိတ်အနှောက်အယှက်ဖြစ်မှာ
မလိုလားခဲ့လို့ပါချစ်သူရယ်
ငါအချစ်တွေကို..........
ပေးဆပ်ခြင်းလို့ခေါင်းစဉ်တပ်ခွင့်
မရှိခဲ့ဘူးဆိုရင်တောင်
ရယူခြင်းမဟုတ်တာတော့
သေချာပါတယ်ဟာ
ဒါပေမဲ့................
ငါနင်ကိုပိုင်ဆိုင်ချင်တာတော့ တကယ်ပါ ချစ်သူရယ်...............................။။

No comments:

Post a Comment