Tuesday, June 21, 2011

ရင်ထဲကအလွမ်းဝေဒနာ

 အော် ဝေးရက်တွေလက်ရေချိုး   အလွမ်းပိုနေလို့    နီးမလာပေသိပေမဲ့
လွမ်းတတ်တဲ့အရသာတစ်ခုကို    နတ်မင်းနဲ့တောင်မလှဲချင်ဘူး
အနေဝေးနေတဲ့ ငါ့ရင်ထဲမှာ   တိုးတိတ်စွာခံစားနေဆဲပဲ
အလွမ်းဝေဒနာကို ပန်းလိုမပျိုးချင်ပေမဲ့
အချိန်ရောက်တိုင်း    အချိန်ချိန်မှန်မှန်လွမ်းနေတဲ့ ငါ့နှလုံးသာကို
အဝေးကမင်းမြင်စေချင်လိုက်တာ
မဆုံဆည်းနိုင်တဲ့ ဘဝမို့
ငါ့အသိစိတ်က မောင်းထုတ်မေ့ပစ်လိုက်ချင်တယ်
မသိစိတ်ထဲက လွမ်းတတ်တဲ့နှလုံးသားကို ခွင့်မလွတ်ပဲ့
တစ်ဘဝစာဆုံးခန်းတိုင်အောင် လွမ်းသွားပေးပါလို့
ရင်ထဲက တောင်းဆိုနေဆဲပါ-------

No comments:

Post a Comment